HOME

PROFILE

SERVICE

TRADING

Contact Us

More

Hp G 42

More

LINKSYS ROUTER
Wireless Router

see more

ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားခြင်းကြေညာချက်

၁။ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများသည် နိုင်ငံတော်သို့ ၀င်ငွေခွန်ပေးဆောင်ပြီး မိမိ၏ဘဏ်ငွေစာရင်းတွင်အမေရိကန်ဒေါ်လာ (၁၀၀၀၀) နှင့်အထက်ရှိသည့်သူအား မော်တော်ယာဉ်တစ်စီး တင်သွင်းခွင့်ပြုမည် ဖြစ်ပါသည်။

၂။ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများအား လူစီးကားများကို ၂၀၀၇ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်းက ထုတ်လုပ်သည့် ကားများကိုသာ တင်သွင်းခွင့်ပြုသွားမည် ဖြစ်ပါသည်။

၃။ မော်တော်ယာဉ် တင်သွင်းခွင့်ရှိသူ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများသည် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ ဖုန်း-၀၁-၆၆၇၇၅၄၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့သို့ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်လွှာများတင်ပြ လျှောက်ထားနိုင်ပါသည်။

  • (က) ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားကိုယ်တိုင် လက်မှတ်ရေးထိုးလျှောက်ထားရမည့် သတ်မှတ်ပုံစံလျှောက်လွှာ၊
  • (ခ) လျှောက်ထားသူကိုယ်တိုင် လက်မှတ်ရေးထိုး လျှောက်ထားရန်၊
  • (ဂ) မော်တော်ယာဉ်တင်သွင်းရန် လျှောက်ထားသူသည် ပြည်ပနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေသူ ဟုတ်/ မဟုတ် အထောက်အထားများ၊
  • (ဃ) ပြည်ပတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမား၏ မြန်မာနိုင်ငံဘဏ်၊ နိုင်ငံခြားငွေစာရင်းစာအုပ်မူရင်းနှင့် မိတ္တူ၊
  • (င) မြန်မာနိုင်ငံဘဏ်၊ နိုင်ငံခြားငွေစာရင်းရှိ ငွေပမာဏအတွက် အခွန်ဆောင်ထားသော အခွန်ကျေကြောင်းသက်ဆိုင်ရာ မြန်မာသံရုံးများ၏ ထောက်ခံချက်မူရင်းများနှင့် မိတ္တူများ (၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ မတိုင်မီ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူများ)
  • (စ) အလုပ်သမားမှတ်ပုံတင်ခြင်းအတွက် နိုင်ငံတော်သို့ FEC 100 ပေးသွင်းထားသည့် ချလန်မူရင်းနှင့်မိတ္တူ၊

၄။ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ၏ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်လွှာများကို အလုပ်သမားဝန်ကြီးဌာန မော်တော်ယာဉ်တင်သွင်းခွင့် စိစစ်ရေးကော်မတီမှ စိစစ်၍ထောက်ခံတင်ပြ ပေးမည်ဖြစ်ပါသည်။

၅။ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်လွှာများအား ၆-၁-၂၀၁၂ ရက်မှစ၍ အလုပ်သမားဝန်ကြီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့တွင် လျှောက်ထားနိုင်ပါသည်။

၆။ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်လွှာများအား အစဉ်အတိုင်းမှတ်ပုံတင်စိစစ်ပြီး ပြည်ပအလုပ်အကိုင်စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီအစည်းအဝေးတွင်ဆုံးဖြတ်၍ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီသို့ ဆက်လက်ထောက်ခံတင်ပြမည်ဖြစ်ပါသည်။

မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ နမူနာပုံစံ
သို့
ဥက္ကဌ
မော်တော်ယာဉ်တင်သွင်းခွင့်စိစစ်ရေးကော်မတီ
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
ရန်ကုန်တိုင်းဒေသကြီး
နေ့စွဲ။         ။
အကြောင်းအရာ။ ။ မော်တော်ယာဉ်တစ်စီး တင်သွင်းခွင့်ပြုပါရန် လျှောက်ထားခြင်း။

ကျွန်တော်သည် ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်စဉ်ရရှိသော ဝင်ငွေအား နိုင်ငံတော်သို့ အခွန်ငွေများပေးဆောင်ထားပြီး ကျွန်တော်၏ ဘဏ်ငွေစာရင်းတွင်လည်း သတ်မှတ်ထားသောစုဆောင်းငွေရှိပြီးဖြစ်ပါ၍ မော်တော်ယာဉ်တစ်စီး တင်သွင်းခွင့်ပြုပါရန် အောက်ဖော်ပြပါအတိုင်း တင်ပြလျှောက်ထားအပ်ပါသည်။

(က) အမည် ............................
(ခ) နိုင်ငံကူးလက်မှတ် ............................
(ဂ) မှတ်ပုံတင်အမှတ် ............................
(ဃ) တာဝန်ထမ်းကာလ ............................
(င) လစာဝင်ငွေ ............................
(စ) အခွန်ဆောင်ထားငွေ ............................
(ဆ) ဘဏ်အမည်နှင့် ငွေစာရင်းအမှတ် ............................
(ဇ) ဘဏ်လက်ကျန်စာရင်း ............................
(စျ) တင်သွင်းမည့် ကားအမျိုးအစား ............................
(ည) နေရပ်လိပ်စာ ............................
  လက်မှတ်
အမည်
ဆက်သွယ်ရန် ဖုန်းနံပါတ်
ပူးတွဲ-
-ဘဏ်စာအုပ်မူရင်းနှင့်မိတ္တူ
-ဘဏ်ရှိစုဆောင်းငွေ ပမာဏအလိုက် နောက်ဆုံးအခွန်ဆောင်ထားသော
အခွန်ကျေကြောင်း သက်ဆိုင်ရာသံရုံး၏ ထောက်ခံချက်မူရင်းများနှင့်မိတ္တူများ
-အလုပ်သမားမှတ်ပုံတင်ခြင်းအတွက် နိုင်ငံတော်သို့ FEC 100 ပေးသွင်းပြီးသည့်ချလန်မူရင်းနှင့်မိတ္တူ
Main Office

No. 89, West Shwegonedine Road, Bahan, Yangon,
Myanmar. Phone: 09 73033888 , 01 - 3001400
Fax : 01-552966
Ph : 01-552566
theinminn@myanmar.com.mm



(95) 094921000
Ph:099926848, 095003823,
www.theinminn.com
Fax:01 214760

 
Branch (1)
No. 53/E, MaHaThuKhiTa Road, East GyoGon, Insein Tsp, Yangon, Myanmar.
Ph:01-704153, 01-644133
heinmyowin@myanmar.com.mm
www.theinminn.com
 
Branch (2)
No. 454, Daw Na Street, Sein Pan Township, Taunggyi,
Shan State, Myanmar.
Ph : 081-23409, 095118888

theinminn@mptmial.net.mm
 

2005 Copy right Thein Minn Co., Ltd.  All right reserved.
Implemented by Solveware Solution.
Hit Count website stat